Print

ဘာလို့ဓမ္မတာထိန်သလဲ

  28-Feb-2017
Preview Image

ဘာလို့ဓမ္မတာထိန်သလဲ

၁။ ဓမ္မတာထိ်န်တာ ဘာဖြစ်လို့လဲ၊ ဘာလုပ်ရမလဲ။

ဓမ္မတာထိန်တာ (၂)မျိုးရှိပါတယ်။ နဂိုကတည်းက ဓမ္မတာထိန်ခြင်းနဲ့ ဓမ္မတာလာ
ရင်းက ဓမ္မတာထိန်သွားခြင်းတို့ ဖြစ်ပါတယ်။

နဂိုကတည်းက ဓမ္မတာထိန်နေခြင်း ( Primary Amenorrhea) ဆိုတာ အသက် (၁၆) နှစ်အထိ ရာသီလုံးဝ မလာသေးတာကို ခေါ်တာပါ။ အကြောင်းတွေကတော့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇတွေ ပုံမမှန်မှုကြောင့် သားဥမကြွေ ရာသီမလာလို့၊ ဦးနှောက်မှ 
အမျိုးသမီးဟော်မုန်း ထုတ်လုပ်တာ နှေးနေလို့ (သို့) နည်းနေလို့၊ အားကစားအပြင်း
အထန်လုပ်လို့၊ အာဟာရမပြည့်ဝလို့၊ စိတ်ဖိစီးမှု အလွန်များနေလို့ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဓမ္မတာလာနေရင်းက ဓမ္မတာထိ်န်သွားခြင်း (Secondary Amenorrhea) ဆိုတာကတော့ ပုံမှန်ရာသီလာနေတဲ့ မိ်န်းကလေးတစ်ယောက်က (၃)လထက်ပိုပြီး ဓမ္မတာ
မလာတော့တာကို ခေါ်ပါတယ်။ အကြောင်းအရင်းတွေကတော့ ကိုယ်ဝန်ရှိခြင်း၊ 
ကလေးနို့တိုက်နေခြင်း၊ သန္ဓေတားဆေးတစ်မျိုးမျိုး သုံးစွဲနေခြင်း၊ စိတ်ဖိစီးမှုများနေခြင်း၊
ဆေးအချို့ သုံးစွဲနေခြင်းတို့ဟာ အဖြစ်အများဆုံး အကြောင်းအရင်းတွေဘဲ ဖြစ်ပါတယ်။ 
တစ်ခြားအကြောင်းတွေကတော့ ဟိုမုန်းထုတ်လုပ်ပေးတဲ့နေရာ ကိုယ်တွင်းအကျိတ်တွေမှာ ရောဂါတစ်ခုခုရှိနေလို့၊ အရမ်းပိန်သွားလို့၊ သားဥမထုတ်လုပ်နိုင်တဲ့အတွက်
( အသက်(၄၀) အောက်မှာ ) စောစီးစွာ သွေးဆုံးလို့ ( Pre-mature ovarian failure )
စတာတွေကြောင့် ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲ မိမိဟာ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဖြစ်နေမယ်၊ ဒါမှမဟုတ် လိင်ဆက်ဆံမှုရှိမယ်၊ အဲဒီဆက်ဆံမှုဟာ ကွန်ဒုံးလိုအကာအကွယ် မပါဘူး။ 
ကိုယ်ဝန်ရနိုင်မယ့် ရက်အပိုင်း အခြားအတွင်းမှာလည်း ဆက်ဆံထားမယ်။ ဒီလိုဆိုရင်တော့ ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်တဲ့အတွက် နီးစပ်ရာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်
ပင်ကြည့်သင့်ပါတယ်။

၂။ ဓမ္မတာမမှန်တာ ဘာဖြစ်လို့လဲ၊ ဘယ်လိုလုပ်ရမလဲ။

ယေဘုယျအားဖြင့်တော့ ဓမ္မတာလာကာစ၊ အပျိုဘော်ဝင်ကာစ မိန်းကလေးငယ်
တွေမှာ ဓမ္မတာမမှန်တာဟာ ဖြစ်တတ်တဲ့ သဘာဝ တစ်ခုဖြစ်ပါတယ်။ ရာသီစလာပြီး
၂နှစ်လောက်ဆိုရင် သူ့အလိုလို ပုံမှန်ဖြစ်သွားတတ်ပါတယ်။

အပျိုဘော်ဝင်ကာစ မဟုတ်ဘဲ အရွယ်ရောက်ပြီး မိန်းကလေးတွေမှာတော့
အရှေ့မှာ ပြောခဲ့ပြီးတဲ့အတို်င်း မျိုးရိုးလိုက်လို့ပဲဖြစ်ဖြစ်၊ အာဟာရပြည့်ဝမှု အခြေ
အနေကြောင့်ပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အခြေအနေကြောင့် ရာသီလာတာ မမှန်ဘဲ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုခုရှိနေရင်လည်း ဓမ္မတာ မမှန် ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာတော့ မီးယပ်သွေးဆုံးခါနီးအချိန်မှာ အသက် ၄၀ နှင့် ၅၀ ကြားသူတို့ဟာလည်း ဓမ္မတာမမှန်တာ ဖြစ်တတ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : မျိုးပွားကျန်းမာရေး ( အမေး - အဖြေစာအုပ် )

 



Related Articles


Advertisment 18